ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့၌ သရက်လိန်အုပ်စု၊ သူရဲဇီးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ ဆပ်ပြာ(၃)တောင့် ၊Surgical mask(၂၆)ခု၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်နှင့် ရေလည်ကျွန်းအုပ်စု၊ မြစစ်ကိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာတို့မှ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၈၉)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈၆၉၀၀/-)ကျပ်၊Surgical mask(၁၇၈)ခု၊ ဆပ်ပြာ(၁၉)တောင့်၊ ခေါက်ဆွဲခြောက် (၁၉၀) ထုပ် တို့အား (၄-၈-၂၀၂၀)ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#bgo_aug2020

Sign Up

Upcoming Events