ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊လက်ပံကျွန်းအုပ်စု၊ ကျွန်းသစ်အရှေ့ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်း ရွေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ စုစုပေါင်းလူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၅၄,၆၀ဝ/-) ကျပ်တို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mgy_aug2020

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events