Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃ဝ)နာရီအချိန်၌ ဖြစ်ပွားခဲ့သောလေဘေးမှ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ ပင်လယ်ကမ်းကျေးရွာရှိ လေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၅) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀,၅၀၀) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးမှူးနှင့်အတူ (၅-၈-၂၀၂၀ရက်)၊ (၁၆:၃၀)နာရိအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၈-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကြာအင်းကျေးရွာ၊ ကြက်စာပြင်ကျေးရွာ၊ သူရဲတောင်ကျေးရွာနှင့် ပန်းဒေါ့ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ၊ Handspeaker တို့ဖြင့်လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့နှင့်(၄-၈-၂၀၂၀)ရက်နေ့တို့၌ မြိတ်မြို့နယ်၊ ကဟန်း ကျေးရွာအုပ်စု၊ ပသောင်းကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာအုပ်စု၊ မဇောကျေးရွာအုပ်စုနှင့် တောင်ရှည်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အိမ်ခြေ( ၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၉)အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၉၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၄၂) ဦးအတွက်ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ(၂၉၈၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၂၈၈၂၀၀/-)ကျပ်အား (၅-၈-၂၀၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_aug2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရပ်ကွက် (၁) ၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၃) ရွာတို့၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် ပြောင်းရွှေ့လူနေအိမ် (၃၇) လုံး၊ အိမ်ထောင်စု (၃၇) စု၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၃၁၉,၂၀ဝ/-) ကျပ်တို့အား (၅-၈-၂၀၂၀) ရက်နေ့တွင် … Read more
-
ရေဘေးရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဝင် ရောက်လျက်ရှိသော ပခုက္ကူမြို့၊ အမှတ် (၁၊၉၊၁ဝ၊၁၃) ရပ်ကွက်များနှင့် ကျွဲတဲအုပ်စု၊ ကျေးရွာ (၃)ရွာတွင် ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေ (၇၀၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၄၈၈,၉ဝဝ/-) ကျပ်တို့အား (၅-၈-၂ဝ၂ဝ)ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာအုပ်စု၊ ရှားချောင်းကျေးရွာ၊ စီတိုးအောင်ကျေးရွာ၊ ပတ္တာကျေးရွာ၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၈)နှင့် အမှတ်(၉)ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် သိရှိလိုက်နာရမည့်အချက်များ၊ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် အထောက်အကူပြုပစ္စည်းများထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် Irrawaddy Green Towers Ltd. နှင့် ပူးပေါင်း၍ (၅-၈-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုးကုတ်ရိပ်သာ (Quarantine Center) ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အသိပညာပေးဗီနိုင်းများ၊ နံရံကပ်ပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ယာယီရေဘေးရှောင်စခန်းရှိပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ ရှားပင်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် နှုံးပို့ကျေးရွာတို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင်ဖွင့်လှစ်ထားသော ယာယီရေဘေး ခိုလှုံရေးစခန်းတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၃) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၉၃၄,၅ဝဝ/-) ကျပ်၊ ခေါက်ဆွဲခြောက် (၉၃ဝ) ထုပ်၊ Mask (၄၄၅) ခု၊ ဆပ်ပြာ (၉၃) တောင့်နှင့် ရှမ်းရိုးမလိမ်းဆေး (၉၃) ဘူးတို့အား … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လေဘာဆိပ်ရပ်၌ (၅.၈.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စု၊ စုစုပေါင်းလူဦးရေ (၁၀၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၁၈၄၀ဝ/-) ကျပ်အား (၅-၈-၂၀၂၀) ရက်နေ့ (၁၅:၃၀)အချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင်(၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက် ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၄၀၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး (၄၆၂၀ဝ/-)၊စုစုပေါင်းကျပ် (၄၄၆၂၀ဝ/-)အား (၅-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2020 … Read more









