ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊   ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​​ကွေ့​ထောင့်ကျေးရွာအုပ်စု၊​ ​​ကွေ့​ထောင့်ကျေးရွာတွင်(၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)အချိန်၌ ဧရာဝတီ​​မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက် ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၄)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၄၀၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး (၄၆၂၀ဝ/-)၊စုစုပေါင်းကျပ် (၄၄၆၂၀ဝ/-)အား (၅-၈-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြို မြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ​ဘေးသင့်​ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_aug2020

Source:   ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events