လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လေဘာဆိပ်ရပ်၌ (၅.၈.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စု၊ စုစုပေါင်းလူဦးရေ (၁၀၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၁၈၄၀ဝ/-) ကျပ်အား (၅-၈-၂၀၂၀) ရက်နေ့ (၁၅:၃၀)အချိန်တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)