လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရပ်ကွက် (၁) ၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၃) ရွာတို့၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် ပြောင်းရွှေ့လူနေအိမ် (၃၇) လုံး၊ အိမ်ထောင်စု (၃၇) စု၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၃၁၉,၂၀ဝ/-) ကျပ်တို့အား (၅-၈-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန (သရက်ခရိုင်) နှင့် လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)