လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ ရှားပင်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် နှုံးပို့ကျေးရွာတို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင်ဖွင့်လှစ်ထားသော ယာယီရေဘေး ခိုလှုံရေးစခန်းတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၃) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၉၃၄,၅ဝဝ/-) ကျပ်၊ ခေါက်ဆွဲခြောက် (၉၃ဝ) ထုပ်၊ Mask (၄၄၅) ခု၊ ဆပ်ပြာ (၉၃) တောင့်နှင့် ရှမ်းရိုးမလိမ်းဆေး (၉၃) ဘူးတို့အား (၄-၈-၂ဝ၂ဝ) ရက်နေ့တွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)