လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဝင် ရောက်လျက်ရှိသော ပခုက္ကူမြို့၊ အမှတ် (၁၊၉၊၁ဝ၊၁၃) ရပ်ကွက်များနှင့် ကျွဲတဲအုပ်စု၊ ကျေးရွာ (၃)ရွာတွင် ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေ (၇၀၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၄၈၈,၉ဝဝ/-) ကျပ်တို့အား (၅-၈-၂ဝ၂ဝ)ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)