လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့နှင့်(၄-၈-၂၀၂၀)ရက်နေ့တို့၌ မြိတ်မြို့နယ်၊ ကဟန်း ကျေးရွာအုပ်စု၊ ပသောင်းကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာအုပ်စု၊ မဇောကျေးရွာအုပ်စုနှင့် တောင်ရှည်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အိမ်ခြေ( ၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၉)အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၉၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၄၂) ဦးအတွက်ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ(၂၉၈၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၂၈၈၂၀၀/-)ကျပ်အား (၅-၈-၂၀၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#tny_aug2020

Sign Up

Upcoming Events