လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃ဝ)နာရီအချိန်၌ ဖြစ်ပွားခဲ့သောလေဘေးမှ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ ပင်လယ်ကမ်းကျေးရွာရှိ လေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၅) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀,၅၀၀) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ် ရေးမှူးနှင့်အတူ (၅-၈-၂၀၂၀ရက်)၊ (၁၆:၃၀)နာရိအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_aug2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)