Category Archives: News
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၌ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသော ပြည်သူများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်း ကျေးရွာတွင် (၂၆.၇.၂၀၁၆) ရက်နေ့၌ ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၅) လုံး မှ အိမ်ထောင်စု (၂၅) စု လူဦးရေ (၉၅) ဦးတို့ မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့် အိမ်ခြေ (၁) လုံး လျှင် (၂၀၀၀၀) နှုန်းဖြင့် အိမ်ခြေ (၂၅) လုံးအတွက် အိမ်ဆောက် … Read more
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၆-၇-၂၀၁၆)ရက်နေ့အထိ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၂၃)စု၊ လူဦးရေစုစုပေါင်း (၁၀၅၈)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၉၅၂၂ဝဝ)အား မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာတန်ဖိုးငွေများကို (၂၈-၇-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ကိုယ်တိုင်သွားရောက် ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထောက်ပံ့မှုဆန်းစစ်လွှာအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း
(၂၉-၄-၂၀၁၆) ရက်နေ့မှ (၃၀-၄-၂၀၁၆)ရက်နေ့ထိ လေဘေးဖြစ်ပွားခဲ့သော လယ်ဝေးမြို့၊ ကျောက်တလုံးကျောင်းစုကျေးရွာအုပ်စုမှ ကနစို၊ ရွာမ၊ ရွာသစ်ကျေးရွာ၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာမှ ရိုးအင်းကျေးရွာ၊ ကန်သာကျေးရွာ၊ ဥယျာဉ်စုကျေးရွာအုပ်စုမှ ဂုံးတောင်ကျေးရွာနှင့် တပ်ကုန်းမြို့၊ ညောင်လွန့်ကျေးရွာအုပ်စု သို့ (၂၆-၇-၂၀၁၆)ရက်နေ့နှင်း (၂၇-၇-၂၀၁၆) ရက်နေ့တို့တွင်ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့မှု ဆန်းစစ်လွှာအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဦးစီးမှူးရုံးရှိတာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့ရေဘေးသင့် လူဦးရေ (၃၇၄၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၃၆၆၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ ဟုမ္မလင်းမြို့ရေဘေးသင့်လူဦးရေ (၈၃၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၇၅၁၅၀၀)၊ မော်လိုက်မြို့ရေဘေးသင့် လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၉၅၂၂၀၀)၊ ဖောင်းပြင်မြို့ရေဘေးသင့် လူဦးရေ (၇၀၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၃၂၇၀၀) နှင့်ထီးချိုင့်မြို့ရေဘေးသင့် လူဦးရေ (၁၁၆ဦး) အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်( ၁၀၄၄၀၀)တို့အား(၂၈-၇-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more
-
ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာလေဘေးထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာတွင် (၆-၇-၂၀၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ (၄)အိမ်ထောင်စု ၊ ဆန်ရိက္ခာ(၃)ရက်စာရန်ပုံငွေ(၁၅၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၈၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၉၅၃၀၀ိ/-)အား (၂၇-၇-၂၀၁၆)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိ သူများမှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။
-
ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေကျေးရွာအုပ်စု၊ ဇလပ်နီကျေးရွာမှ အိမ်ခြေ(၃၄) လုံး၊ လူဦးရေ (၁၄၈) ဦးတို့သည် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ကင်းသည့်နေရာအသစ် သို့ (၁၆-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၁၃၃,၂၀၀) ကျပ် တို့ကို (၂၇-၇-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာနှင့် လက်ျားကုန်းကျေးရွာများရှိ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသော ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ဖိုးငွေ ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာနှင့် လက်ျားကုန်း ကျေးရွာများတွင် (၂၃.၇.၂၀၁၆) ရက်နေ့၌ ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄၁) လုံးမှ အိမ်ထောင်စု (၄၆) စု လူဦးရေ (၁၇၃) ဦးတို့အား ရွှေ့ပြောင်းပေးခဲ့ပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ခြေ (၁) လုံးအတွက် (၂၀၀၀၀/- ) နှုန်းဖြင့် အိမ်ခြေ (၄၁) လုံးအတွက် စုစုပေါင်း (၈၂၀၀၀၀/-) ကျပ်နှင့် … Read more
-
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာရှိ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသော ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ဖိုးငွေ ထောက်ပံ့မှုသတင်း
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ ၌ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁ဝ) စု လူဦးရေ (၄၆) ဦးတို့အား နေရာအသစ်သို့ (၁၉-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်း ပေးပြီးဖြစ်ပါသည်။ အဆိုပါပြည်သူများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၁ဝ) စုနှင့် ဆန်ဖိုးငွေ (၄၁၄ဝဝ) ကျပ်အား (၂၇-၇-၂၀၁၆) ရက်နေ့၊ (၁၂း၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာမှ အိမ်ခြေ (၃၁) လုံး၊ လူဦးရေ (၁၂၅) ဦးတို့သည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးကင်းသောနေရာအသစ်သို့ (၁၉-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွေ့ပြောင်းပေးပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၁) စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးနှင့် လူဦးရေ (၁၂၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၁၂,၅၀၀) ကျပ်တို့ကို (၂၇-၇-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း … Read more
-
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း
(၂၇-၇-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၂၄-၇-၂၀၁၆) ရက်နေ့၌ ဖြစ်ပွား သော ရေဘေးသင့် အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၈၁၀) ဦး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇၂၉,၀၀၀) ကျပ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဘုန်းကြီး ကျောင်း (၁) ကျောင်း အတွက် သင်္ကန်း (၁၀) စုံ တို့ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more









