ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာနှင့် လက်ျားကုန်းကျေးရွာများရှိ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသော ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ဖိုးငွေ ထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာနှင့် လက်ျားကုန်း ကျေးရွာများတွင် (၂၃.၇.၂၀၁၆) ရက်နေ့၌ ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄၁) လုံးမှ အိမ်ထောင်စု (၄၆) စု လူဦးရေ (၁၇၃) ဦးတို့အား ရွှေ့ပြောင်းပေးခဲ့ပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ခြေ (၁) လုံးအတွက် (၂၀၀၀၀/- ) နှုန်းဖြင့် အိမ်ခြေ (၄၁) လုံးအတွက် စုစုပေါင်း (၈၂၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇၃) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၁၅၅၇၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၉၇၅၇၀၀/-) ကျပ်အား (၂၅.၇.၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events