မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေကျေးရွာအုပ်စု၊ ဇလပ်နီကျေးရွာမှ အိမ်ခြေ(၃၄) လုံး၊ လူဦးရေ (၁၄၈) ဦးတို့သည် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ကင်းသည့်နေရာအသစ် သို့ (၁၆-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၁၃၃,၂၀၀) ကျပ် တို့ကို (၂၇-၇-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)