ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်း ကျေးရွာတွင် (၂၆.၇.၂၀၁၆) ရက်နေ့၌ ကမ်းပါးပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၅) လုံး မှ အိမ်ထောင်စု (၂၅) စု လူဦးရေ (၉၅) ဦးတို့ မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့် အိမ်ခြေ (၁) လုံး လျှင် (၂၀၀၀၀) နှုန်းဖြင့် အိမ်ခြေ (၂၅) လုံးအတွက် အိမ်ဆောက် ပစ္စည်း (၅၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၈၅၅၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၅၈၅၅၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံ မှ (၂၈.၇.၂၀၁၆) နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်၊၊