ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့ရေဘေးသင့် လူဦးရေ (၃၇၄၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၃၆၆၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ ဟုမ္မလင်းမြို့ရေဘေးသင့်လူဦးရေ (၈၃၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၇၅၁၅၀၀)၊ မော်လိုက်မြို့ရေဘေးသင့် လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၉၅၂၂၀၀)၊ ဖောင်းပြင်မြို့ရေဘေးသင့် လူဦးရေ (၇၀၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၃၂၇၀၀) နှင့်ထီးချိုင့်မြို့ရေဘေးသင့် လူဦးရေ (၁၁၆ဦး) အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်( ၁၀၄၄၀၀)တို့အား(၂၈-၇-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။