မကွေးတိုင်းဒေကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာမှ အိမ်ခြေ (၃၁) လုံး၊ လူဦးရေ (၁၂၅) ဦးတို့သည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးကင်းသောနေရာအသစ်သို့ (၁၉-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွေ့ပြောင်းပေးပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၁) စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးနှင့် လူဦးရေ (၁၂၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၁၂,၅၀၀) ကျပ်တို့ကို (၂၇-၇-၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)