မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာရှိ ကမ်းပါးပြို၍ ပြောင်းရွှေ့ရသော ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ဖိုးငွေ ထောက်ပံ့မှုသတင်း

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ ၌ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁ဝ) စု လူဦးရေ (၄၆) ဦးတို့အား နေရာအသစ်သို့ (၁၉-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်း ပေးပြီးဖြစ်ပါသည်။ အဆိုပါပြည်သူများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး အိမ်ထောင်စု (၁ဝ) စုနှင့် ဆန်ဖိုးငွေ (၄၁၄ဝဝ) ကျပ်အား (၂၇-၇-၂၀၁၆) ရက်နေ့၊ (၁၂း၀၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

Sign Up

Upcoming Events