မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

85

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၆-၇-၂၀၁၆)ရက်နေ့အထိ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၂၃)စု၊ လူဦးရေစုစုပေါင်း (၁၀၅၈)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၉၅၂၂ဝဝ)အား မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာတန်ဖိုးငွေများကို (၂၈-၇-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ကိုယ်တိုင်သွားရောက် ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events