Category Archives: News
-
ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ရေဝင်ရောက်၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု (၂၈၂)စုမှ လူဦးရေ (၁၁၈၄)ဦး အတွက် ခေါက်ဆွဲခြောက် (၂၃၆၈)ထုပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၇၁၀၀) ကျပ်အား (၈-၈-၂၀၁၆) ရက်နေ့တွင် သွားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်မြို့များရှိ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံ၍ အားပေးစကားပြောကြား
၁။ နိုင်ငံအဝှမ်းမိုး များပြီး မြစ်ရေလျှံ တက်မှု ဖြစ်ပေါ် လျက်ရှိရာ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့ တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက်ရှိပါ သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ညောင် တုန်းမြို့သို့ ရောက်ရှိရာ ယာယီ ဖွင့်လှစ်ထားရှိ သော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား ရောက်ပြီး နယ်မြေခံလူမှု အဖွဲ့ … Read more
-
ညောင်ဦးခရိုင်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ညောင်ဦးမြို့နယ် အမှတ် (၅)ရပ်ကွက် အတွင်း ရေဝင် ရောက်သဖြင့်ရွှေ့ပြောင်းအိမ်ထောင် စု(၂၈၂)စုမှလူဦးရေ(၁၁၈၄)ဦးအတွက် ခေါက်ဆွဲခြောက် (၂၃၆၈)ထုပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၀၇၁၀၀) ကျပ်အား(၈.၈.၂၀၁၆) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၄) စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဝန်ကြီးချုပ်ခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၄) စုမှ ရေဘေးသင့် အိမ်ထောင်စု (၁၃၇) စုမှ လူဦးရေ (၄၃၁) ဦးအတွက် ဆန် (၁ဝ) ရက်စာ ဖိုးငွေ (၁၂၉၃ဝဝဝ/-) ကျပ်အား (၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧရာဝတီ တိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှု ကနဦးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ သို့ရောက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ရေဘေး သင့်ပြည်သူများနှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက်ပြောင်း လဲဆောင်ရွက်နေသော ထောက်ပံ့မှုအစီ အစဉ်ဖြစ်သည့် ထောက်ပံ့မှုများ မကျန်စေရန် မထပ်စေရန်နှင့် ဝေးလံသောကျေးရွာများမှ ရေဘေး သင့်ပြည်သူများထံသို့ ရောက်ရှိစေရန် အစိုးရနှင့်လူမှုအဖွဲ့အစည်းများ စနစ်တကျပူးပေါင်းဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများဆောင်ရွက်ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှု ကနဦးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ စားနပ်ရိက္ခာ ဆန် (၄၀) အိတ်၊ ငါးသေတ္တာဗူးများ၊ တာပေါ်လင်လိပ်များနှင့် ရေသန့်ဆေးထုပ်များကို လည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ စားသုံးဆီနှင့် ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းမှ သောက်ရေသန့်များကိုလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်းများအရ … Read more
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာနှင့် သဖန်းကုန်းကျေးရွာတို့ရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၃၀)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ်(၃၈၇,၀၀၀/-)၊ ခေါက်ဆွဲခြောက် တန်ဖိုးငွေ ကျပ်(၁၁၆,၁၀၀/-) ငါးသေတ္တာဗူးတန်ဖိုးငွေ ကျပ်(၉၇၂၀၀/-) စုစုပေါင်း တန်ဖိုးငွေ ကျပ်(၆၀၀,၃၀၀/-) နှင့် ၂။ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၈၇)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ် … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှု အခြေအနေများနှင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၇-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း
၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာ နေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၇-၈-၂၀၁၆) နေ့အထိ လူဦးရေ (၃၅၈၆၉၉) ဦးတို့ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အချို့တိုင်း ဒေသကြီး/ပြည်နယ်များတွင် ဘေးလွတ်ကင်းရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်းရှိနေပါသည်။ အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၁၆) နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီးသည့်အဖွဲ့သည် ဧရာ၀တီတိုင်းဒေသကြီး၊ … Read more
-
ပြည်ခရိုင်အတွင်းရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊ပန်းတောင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ပြည်ခရိုင်ဦးစီးမှူးတို့သည်(၇-၈-၂၀၁၆)ရက်နေ့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ခရီးစဉ်တွင်ထောက်ပံ့မှုပေးအပ်ခဲ့ရာ ပြည်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၁၀၃၃) မှလူဦးရေ (၄၁၇၁)ဦးအတွက်ဆန်ရိက္ခာ(၁ဝ)ရက်စာ (၄၃၄)အိတ်ကျော် ၊ငါးသေတ္တာဘူး(၃၀၉၉) ဘူးတန်ဖိုး (၁၃၄၄၂၇ဝဝ)ကျပ်၊ ရွှေတောင်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု( ၂၀၈၇) မှလူဦးရေ (၇၇၇၂ )ဦးအတွက် ဆန်အိတ်(၈၀၉)အိတ်ကျော်၊ ငါးသေတ္တာဘူး (၆၂၆၁)ဘူးတန်ဖိုး (၂၅၁၉၄၃ဝဝ)ကျပ်၊ ပန်းတောင်းမြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၂၈၀၄) မှလူဦးရေ (၁၀၂၅၃)ဦးအတွက် ဆန် အိတ်(၁၀၆၈)အိတ် ၊ ငါးသေတ္တာဘူး (၈၄၁၂)ဘူးတန််ဖိုးငွေ (၃၃၂၈၂၆ဝဝ)ကျပ် ၊စုစုပေါင်း ပြည်ခရိုင်ရေဘေးအတွက်(၇၁၉၁၉၆ဝဝ)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအားထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်း ရေလျှံမှု ကြောင့် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများ မှလူဦးရေ (၁၂၀) ဦး အတွက် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာဆန်ရိက္ခာ (၁၀)ရက်စာ နှင့် ငါးသေတ္တာ တစ်အိမ်ထောင် လျှင်(၃)ဗူးနှုန်းဖြင့် (၂၉) အိမ်ထောင်စာ အတွက် (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ထပ်မံ၍ ထပ်တိုး အိမ်ထောင်စု (၁၄၈)စု အတွက် အချိန်မီထောက်ပံ့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။









