ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်း ရေလျှံမှု ကြောင့် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများ မှလူဦးရေ (၁၂၀) ဦး အတွက် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာဆန်ရိက္ခာ (၁၀)ရက်စာ နှင့် ငါးသေတ္တာ တစ်အိမ်ထောင် လျှင်(၃)ဗူးနှုန်းဖြင့် (၂၉) အိမ်ထောင်စာ အတွက် (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ထပ်မံ၍ ထပ်တိုး အိမ်ထောင်စု (၁၄၈)စု အတွက် အချိန်မီထောက်ပံ့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။