မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာနှင့် သဖန်းကုန်းကျေးရွာတို့ရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

3 4

 

 

 

 

၁။         ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ အောက်ညဉ့်ကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၃၀)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ်(၃၈၇,၀၀၀/-)၊ ခေါက်ဆွဲခြောက် တန်ဖိုးငွေ ကျပ်(၁၁၆,၁၀၀/-) ငါးသေတ္တာဗူးတန်ဖိုးငွေ ကျပ်(၉၇၂၀၀/-) စုစုပေါင်း တန်ဖိုးငွေ ကျပ်(၆၀၀,၃၀၀/-) နှင့်

၂။         ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာမှ ရေဘေးရှောင် အိမ်ထောင်စု (၈၇)စုမှ လူဦးရေ(၃၀၅)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာဖိုး ကျသင့်ငွေ ကျပ် (၂၇၄,၅၀၀/-)၊ ခေါက်ဆွဲခြောက် တန်ဖိုးကျပ်(၈၂,၃၅၀/-)၊ ငါးသေတ္တာဗူး တန်ဖိုးကျပ် (၇၈,၃၀၀/-)၊ စုစုပေါင်းတန်ဖိုး ကျပ်(၄၃၅,၁၅၀/-)တို့အား အောက်ညဉ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ (၈-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source : ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events