၁။ နိုင်ငံအဝှမ်းမိုး များပြီး မြစ်ရေလျှံ တက်မှု ဖြစ်ပေါ် လျက်ရှိရာ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့ တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက်ရှိပါ သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ညောင် တုန်းမြို့သို့ ရောက်ရှိရာ ယာယီ ဖွင့်လှစ်ထားရှိ သော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား ရောက်ပြီး နယ်မြေခံလူမှု အဖွဲ့ အစည်းများ၊ ဧရာ ဝတီဖောင်ဒေးရှင်း၊ ဝေဠု ကျော်ဖောင်ဒေးရှင်း၊ အရေးပေါ် ကယ်ဆယ် ရေးနှင့် လူမှုအထောက် အကူပြုဖွံ့ဖြိုးရေးအသင်း၊ အခြားလူမှုရေး အဖွဲ့ အစည်းများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက် မည့် ရေဘေး ကယ်ဆယ် ရေးလုပ်ငန်းများကို ညှိနှိုင်း၍ ဆက်သွယ်ရေး ခက်ခဲသော ဝေးလံသည့် ရေနစ်မြှပ်ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လက်ဝယ်ရောက်ရှိရေး ထောက်ပံ့ပေးရာ၌ မကျန်အောင်၊ မထပ်အောင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကြီးကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ပြည်သူများနှင့် တွေ့ဆုံကာ ကာလတန်ဖိုး ကျပ်သိန်း(၄၀) တန်ဖိုးရှိသော ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ရေသန့်၊ တာပေါ်လင်လိပ်၊ စားသုံးဆီများကို လူမှုအဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။
၂။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းလှိုင်မြစ်ကမ်းဘေးတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ကရစ်ရေကာနံရံကို သွားရောက်ကြည့်ရှု့ခဲ့ရာ နယ်မြေ တာဝန်ခံအင်ဂျင်နီယာ တစ်ဦးမှ ယနေ့မြစ်ရေမြင့်တက်မှုအခြေအနေမှာ အမြင့်ဆုံးဖြစ်နိုင်ပြီး မနက်ဖြန်တွင် ရေပြန်လည်ကျဆင်းနိုင်ကြောင်း၊ အထက်ဘက်မှ ရေများရောက်ရှိလာနိုင်သော် လည်း ဒီရေကျသည့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် စိတ်ပူရန် မလိုကြောင်း ယခုမြင်တွေ့ရသည့် ကွန်ကရစ်ရေကာနံရံကြောင့် ညောင်တုန်းမြို့၏ မြစ်ရေမြင့်တက်မှု ကာကွယ်ရေးအခြေအနေမှာ များစွာအထောက်အကူပြုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့မှ မော်တော် ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ပန်းတနော်မြို့သို့ နံနက်(၁၁:၃၀)မိနစ်တွင် ရောက်ရှိပါသည်။ ပန်းတနော်မြို့တွင်း ယာယီရေဘေးရှောင်စခန်းများအဖြစ် ဖွင့်လှစ်ထားသော အ.ထ.က(ခွဲ) ပန်းတနော်၊ မြို့နယ်အားကစားရုံတို့ရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်ပြီး ကြည့်ရှု့ ထောက်ပံ့အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများ စားသုံးရန် အတွက် ဆန်၊ ငါးသေတ္တာ၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်များကို လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းထောက်ပံ့ခဲ့ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူကြပါ သည်။ ၎င်းရေဘေးရှောင်စခန်း(၂)ခုတွင် အိမ်ထောင်စု(၁၁၅)စု လူဦးရေ(၄၈၅)ဦး ခေတ္တနေထိုင် လျက်ရှိပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၃၂)သိန်းခန့် ဖြစ်ပါသည်။
၄။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရောက်ရှိကြပြီး မြစ်ကမ်းဘေးရေထိန်းတာနှင့် ဧရာဝတီ မြစ်ရေအခြေအနေများကို ကြည့်ရှု့ကာ စက်လှေဖြင့် ရေဘေးရှောင်ပြည်သူများရှိရာ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ရွာကန့်လန့်ရွာ၊ ဇေယျသုခဘုန်းတော်ကြီးကျောင်းနှင့် ငှက်ပျော တောရွာ၊ ဓမ္မသီရိဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများ နှင့် တွေ့ဆုံအားပေးကာ ဆန်နှင့် ငါးသေတ္တာများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ၎င်းရေဘေးရှောင်ယာယီစခန်းများတွင် ရေဘေးသင့်ပြည်သူ(၅၇၃)ဦး ခေတ္တတည်းခိုနေထိုင် လျက်ရှိပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၃၉)သိန်းခန့် ဖြစ်ပါသည်။
၅။ ထို့နောက် ဇလွန်မြို့တွင်းရှိ လမ်းမတော်မြို့တွင်းရှိ ရေလယ်ကျောင်း ပရိယတ္တိ စာသင် တိုက်နှင့် မဟာနာဂဝံသသိမ်ကျောင်းတိုက်တို့တွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်း(၂)သို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့အားပေးစကားပြောကြားခဲ့ပါသည်။ ယင်းရေဘေးရှောင်စခန်းများတွင် အိမ်ထောင်စု(၁၀၁)စု၊ လူဦးရေ(၂၉၂)ဦး ခေတ္တခိုလှုံ နေထိုင် လျက်ရှိပြီး ဆန်နှင့် ငါးသေတ္တာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထောက်ပံ့မှုစုစုပေါင်းတန်ဖိုးမှာ ကျပ်(၂၄)သိန်းခန့် ဖြစ်ပါသည်။
၆။ ခရီးစဉ်တလျှောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ် အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ နှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ အတွက် ဆက်လက်ထောက်ပံ့မှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယာယီ နေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး များကို အလေးထားကြစေလိုကြောင်း၊ ရေဘေးသင့်ဒေသများကို ထောက်ပံ့ရာတွင် မကျန်စေ ရေး၊ မထပ်စေရေးတို့အတွက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လက်ဝယ်အရောက်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ရေဘေးရှောင်စခန်းများရှိ (၃)လအောက် ကလေးငယ်(၂၁)ဦး၏ မိခင်များကိုလည်း အာဟာရ ဖြည့်ဆည်းရန် ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ပါသည်။