လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှု ကနဦးသတင်း

1 2 3 4 5

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ စားနပ်ရိက္ခာ ဆန် (၄၀) အိတ်၊ ငါးသေတ္တာဗူးများ၊ တာပေါ်လင်လိပ်များနှင့် ရေသန့်ဆေးထုပ်များကို လည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ စားသုံးဆီနှင့် ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းမှ သောက်ရေသန့်များကိုလည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါသည်။

Sign Up

Upcoming Events