ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊ပန်းတောင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ပြည်ခရိုင်ဦးစီးမှူးတို့သည်(၇-၈-၂၀၁၆)ရက်နေ့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ခရီးစဉ်တွင်ထောက်ပံ့မှုပေးအပ်ခဲ့ရာ ပြည်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၁၀၃၃) မှလူဦးရေ (၄၁၇၁)ဦးအတွက်ဆန်ရိက္ခာ(၁ဝ)ရက်စာ (၄၃၄)အိတ်ကျော် ၊ငါးသေတ္တာဘူး(၃၀၉၉) ဘူးတန်ဖိုး (၁၃၄၄၂၇ဝဝ)ကျပ်၊ ရွှေတောင်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု( ၂၀၈၇) မှလူဦးရေ (၇၇၇၂ )ဦးအတွက်
ဆန်အိတ်(၈၀၉)အိတ်ကျော်၊ ငါးသေတ္တာဘူး (၆၂၆၁)ဘူးတန်ဖိုး (၂၅၁၉၄၃ဝဝ)ကျပ်၊ ပန်းတောင်းမြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၂၈၀၄) မှလူဦးရေ (၁၀၂၅၃)ဦးအတွက် ဆန် အိတ်(၁၀၆၈)အိတ် ၊ ငါးသေတ္တာဘူး (၈၄၁၂)ဘူးတန််ဖိုးငွေ (၃၃၂၈၂၆ဝဝ)ကျပ် ၊စုစုပေါင်း ပြည်ခရိုင်ရေဘေးအတွက်(၇၁၉၁၉၆ဝဝ)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။