တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှု အခြေအနေများနှင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၇-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း

14 13 18 17 16 10 9 8 7 6၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာ နေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၇-၈-၂၀၁၆) နေ့အထိ လူဦးရေ (၃၅၈၆၉၉) ဦးတို့ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အချို့တိုင်း ဒေသကြီး/ပြည်နယ်များတွင် ဘေးလွတ်ကင်းရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်းရှိနေပါသည်။ အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၁၆) နေ့တွင်  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီးသည့်အဖွဲ့သည် ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး စုစုပေါင်းတန်ဖိုးငွေ (၂၀၅၄၀၅၀ိ/-) ရှိ ဆန်နှင့် ခေါက်ဆွဲခြောက်များကိုလည်း ကောင်း၊ ပုသိမ်မြို့နယ်တွင် စုစုပေါင်းတန်ဖိုးငွေ (၁၂၄၅၈၈၃ိ/-) ရှိဆန်နှင့် ငါးသေတ္တာများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူ များသည် တိုက်ကြီးမြို့နယ်၊ ဥက္ကံနှင့် အဖျောက်မြို့နယ်များရှိ ဘေးသင့်အိမ်ထောင်စုများအတွက် တန်ဖိုးငွေ (၅၈၁၂၃၅၀ိ/-) ရှိ ဆန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ခေါက်ဆွဲခြောက်နှင့် စားဆီများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် မကွေးပရဟိတ အဖွဲ့နှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်း ကျေးရွာ ဘေးသင့်ပြည်သူများအတွက် ဆန် (၁၃) အိတ် (၁၈) ပြည်အားလည်းကောင်း ထောက်ပံ့ ပေးခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေဖြင့် ရေဘေးသင်‌့ပြည်သူများအတွက် ထောက်ပံ့ခဲ့မှုမှာ (၇-၈-၂၀၁၆) ရက်နေ့အထိ စုစုပေါင်းတန်ဖိုးကျပ် သိန်းပေါင်း (၃၃၆၀) ခန့်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်ရှိသောမြို့နယ်များသို့လည်း ထောက်ပံ့မှုများဆက်လက်ပြုလုပ်ပေးသွားမည်ြဖစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း (၁၀၀၀) စီကိုလည်း ပေးပို့ထားကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events