လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၈-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ သို့ရောက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ရေဘေး သင့်ပြည်သူများနှင့်တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက်ပြောင်း လဲဆောင်ရွက်နေသော ထောက်ပံ့မှုအစီ အစဉ်ဖြစ်သည့် ထောက်ပံ့မှုများ မကျန်စေရန် မထပ်စေရန်နှင့် ဝေးလံသောကျေးရွာများမှ ရေဘေး သင့်ပြည်သူများထံသို့ ရောက်ရှိစေရန် အစိုးရနှင့်လူမှုအဖွဲ့အစည်းများ စနစ်တကျပူးပေါင်းဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများဆောင်ရွက်ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်း များဖြစ်သော ဧရာဝတီဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှု အထောက်အကူပြုအဖွဲ့၊ အခြားလူမှုအဖွဲ့များနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများအား ပြည်သူလူထုထံသို့ ပြည့်ပြည့်ဝဝရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်နေပါသည်။ ထို့ပြင် ထောက်ပံ့မှုများအား ဝေးလံခက်ခဲသော ကျေးရွာများအထိပါရောက်ရှိစေရန် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရှိရပါသည်။