Category Archives: News
-
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးသင်တန်း ဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ MCL – mawlamyine cement limited ၏ အထောက်အပံ့ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား (၂၂.၈.၂၀၁၆)ရက်နေ့ နံနက် (၀၉:ဝ၀)နာရီအချိန် သံဖြူဇရပ်မြို့၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၂၂.၈.၂၀၁၆) ရက်နေ့မှ (၂၄.၈.၂၀၁၆) ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(၃၀)ဦးအား ပို့ချပေးသွားမည် ဖြစ်ကြောင်း … Read more
-
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများလွှဲပြောင်းပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း (၁၉-၈-၂၀၁၆) ရက်နေ့၊ (၁၈:၂၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၂၆) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၁၅၂) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၁၃၆,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၄၀,၀၀၀) ကျပ်တို့ကို ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် (၂၁-၈-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်အတွင်း (၁၉-၈-၂၀၁၆) ရက်နေ့၊ (၁၈:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅) လုံးပြိုကျပျက်စီးခဲ့ပြီး၊ ဘုန်းကြီးကျောင်း (၄) ကျောင်းနှင့် လူနေအိမ် (၇၄) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းလူဦးရေ (၄၂၈) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၃၈၅,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၁၀,၀၀၀) ကျပ်တိတိကို ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
ရပ်ရွာအခြေပြု သဘာဝဘေးလျော့ချရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်မှုသတင်း
(၂၂-၈-၂၀၁၆) ရက်နေ့၊ (၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် (ACF) အဖွဲ့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု သဘာဝဘေးလျော့ချရေး ဆရာဖြစ် (၅) ရက်သင်တန်းအား သက္ကေပြင်ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားဦးရေ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး
-
ကရင်ပြည်နယ်သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် (၂၁-၈-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့သို့ရောက်ရှိပြီး ဘီးလင်းမြစ် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်အတွင်း ဘီးလင်းမြစ်အတွင်း ရေစီးရေလာကောင်းစေရန် သဲသောင်များ တူးဖော်ထားရှိသဖြင့် ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ရှင်းလင်တင်ပြချက်အရ သိရှိရပါသည်။ ထို့နောက် သထုံခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ ရောက်ရှိရာ မွန်ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်နယ်/ ခရိုင်/မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့်အထိ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု၊ ပြည်နယ်အတွင်း … Read more
-
နောင်ချိုမြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၁-၈-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ် လေဘေးသင့်အိမ်ထောင်စု (၃၂) စု၊ လူဦးရေ (၁၄၇) ဦးအတွက် ဆန် (၃) ရက်စာ (၁၃၂,၃၀၀/-) ကျပ်၊ အိမ်ထောင် စု(၃၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (တန်ဖိုးငွေ (၂၆၀,၁၆၀/-)) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၄၀,၀၀၀/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုအခြေအနေ(၂၀.၈.၂၀၁၆) ရက်နေ့အထိ
၁။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်(၁၁)ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာ နေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများ ရှိခဲ့ရာ (၂၀-၈-၂၀၁၆)နေ့အထိ အိမ်ထောင်စု(၁)သိန်း (၁)သောင်းကျော်မှ လူဦးရေ(၄)သိန်း(၇)သောင်းကျော်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ရပါသည်။ လူ(၈)ဦး သေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည် ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည် ရွှေ့ပြောင်းလျက်ရှိရာ – မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေများ ကျဆင်း သွားပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်းများ … Read more
-
ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ၌ (၂၀. ၈. ၂၀၁၆)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)အိမ်၊အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးဘေးသင့်ခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစ္စည်း(၉)မျိုး(၃)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ(၂၃၁ဝဝ)ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်ထောင်လျှင်(၁ဝဝဝဝဝ)ကျပ်နှုန်းဖြင့်(၃)အိမ်ထောင်စာ (၃ဝဝဝဝဝ)ကျပ်နှင့် သေဆုံးသူ(၂)ဦးအတွက်ထောက်ပံ့ငွေ(၂ဝဝဝဝဝ)ကျပ် စုစုပေါင်းငွေ(၅၂၃၁ဝဝ)ကျပ်အား (၂၀. ၈. ၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။









