ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်အတွင်း (၁၉-၈-၂၀၁၆) ရက်နေ့၊ (၁၈:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅) လုံးပြိုကျပျက်စီးခဲ့ပြီး၊ ဘုန်းကြီးကျောင်း (၄) ကျောင်းနှင့် လူနေအိမ် (၇၄) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းလူဦးရေ (၄၂၈) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၃၈၅,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၁၀,၀၀၀) ကျပ်တိတိကို ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၁-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)