(၂၁-၈-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ် လေဘေးသင့်အိမ်ထောင်စု (၃၂) စု၊ လူဦးရေ (၁၄၇) ဦးအတွက် ဆန် (၃) ရက်စာ (၁၃၂,၃၀၀/-) ကျပ်၊ အိမ်ထောင် စု(၃၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (တန်ဖိုးငွေ (၂၆၀,၁၆၀/-)) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၄၀,၀၀၀/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)