လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ MCL – mawlamyine cement limited ၏ အထောက်အပံ့ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား (၂၂.၈.၂၀၁၆)ရက်နေ့ နံနက် (၀၉:ဝ၀)နာရီအချိန် သံဖြူဇရပ်မြို့၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၂၂.၈.၂၀၁၆) ရက်နေ့မှ (၂၄.၈.၂၀၁၆) ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်(၃၀)ဦးအား ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source : မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)