ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ၌

(၂၀. ၈. ၂၀၁၆)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)အိမ်၊အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးဘေးသင့်ခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစ္စည်း(၉)မျိုး(၃)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ(၂၃၁ဝဝ)ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်ထောင်လျှင်(၁ဝဝဝဝဝ)ကျပ်နှုန်းဖြင့်(၃)အိမ်ထောင်စာ (၃ဝဝဝဝဝ)ကျပ်နှင့် သေဆုံးသူ(၂)ဦးအတွက်ထောက်ပံ့ငွေ(၂ဝဝဝဝဝ)ကျပ် စုစုပေါင်းငွေ(၅၂၃၁ဝဝ)ကျပ်အား (၂၀. ၈. ၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events