ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်း (၁၉-၈-၂၀၁၆) ရက်နေ့၊ (၁၈:၂၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၂၆) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၁၅၂) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၁၃၆,၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၄၀,၀၀၀) ကျပ်တို့ကို ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် (၂၁-၈-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)