Category Archives: News
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၆) နေ့ဖြစ်ပွားသောရေဘေးအတွက်ရေဝင်ပျက်စီးအိမ်ခြေ (၆)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ရေသန့်ဆေး (၆)အိမ်ထောင်စာအား (၁၂-၁၁-၂၀၁၆) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ နှင့်မအူလေးပင်ကျေးရွာတို့တွင် (၁၀-၁၁-၂၀၁၆) နေ့က ရေဘေးဖြစ်ပွားခဲ့ရာ မရမ်းခုံကျေးရွာတွင်မျောပါအိမ်ခြေ (၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၄) အိမ်ထောင်စာ၊ ရေဝင်ပျက်စီး (၄) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ရေသန့်ဆေး(၄)အိမ်ထောင်စာ၊ မအူလေးပင်ကျေးရွာတွင်မျောပါအိမ်ခြေ (၁၇) အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၁၇) အိမ်ထောင်စာတို့အား (၁၁-၁၁-၂၀၁၆) နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၆) နေ့တွင်ဖြစ်ပွားသောခဲ့သော ရေဘေး မျောပါအိမ်ခြေ (၈) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ရေသန့်ဆေး (၈)အိမ်ထောင်စာ၊ ရေဝင်ပျက်စီးအိမ်ခြေ (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ရေသန့်ဆေး (၁) အိမ်ထောင်စာတို့အား (၁၁-၁၁-၂၀၁၆)နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာမီဒီယာထောက်ပံ့ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ နိုဝင်ဘာလ (၁၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား နိုင်ငံတကာမီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှှ အကြံပေးအရာရှိ ြဖစ်သူ Ms. Agneta Soderberg Jacobson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေ သော ကျား/ မ ရေးရာကိစ္စရပ်များ၊ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၉ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့ မွန်းလွဲ (၁) နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်မည့် မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး (၂)နှစ်သားအရွယ်ထိ ရက်ပေါင်းတစ်ထောင် ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးရရှိစေ ပြီး ထိုဉာဏ်ရည် ဖွံ့ဖြိုးသော ကလေးများက အနာဂါတ်နိုင်ငံ၏ ဖွံ့ဖြိုး … Read more
-
စလင်းမြို့နယ် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျူတောအလယ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၂) လူဦးရေ (၅၂) ဦးတို့ကို ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်း ပေးခဲ့ပါသည်။ (၈-၁၁-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၁၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၆,၈၀၀) ကျပ်ကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ကြောင်း သိရှိရခဲ့ပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ”ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ SEED Asia ဂျပန်တို့ပူးပေါင်း၍ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို (၇-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ကျင်းပခဲ့ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး SEED Asia မှ Project Manager Mr. Shigehiro Shibata က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတတိယအကြိမ်မြောက် အာရှပစိဖိတ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးအစည်းအဝေးတက်ရောက်မှုသတင်း
တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက် မှ ၈ ရက် အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ၎င်းအစည်းအဝေးသို့ အာရှပစိဖိတ်ဒေသအတွင်းရှိနိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဒုတိယသမ္မတများ၊ ဝန်ကြီးများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာရှပစိဖိတ်ဒေသတွင်းရှိသန်းပေါင်း ၁၀၀၀ ကျော်ရှိသောကလေးများအတွက် ရင်းနှီးမြှုပ်နှံပေးခြင်း ဖြင့် နိုင်ငံများ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဧကန်မုချရမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဥ်များ၊ ကလေးများအားအလုံးစုံသောအကြမ်းဖက်မှုများ … Read more
-
အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသော အမျိုးသမီးများအတွက် ပြဿနာများအား တစ်နေရာတည်းတွင် ကူညီဖြေရှင်းပေးနိုင်မည့်စင်တာ ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ (၈) အိမ်တွင်းအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုးခံစားနေရသော အမျိုးသမီးများအတွက် ပြဿနာများအား တစ်နေရာတည်းတွင် ကူညီဖြေရှင်းပေးနိုင်မည့်စင်တာ (One Stop women Support Center _ OSWSC) ဖွင့်လှစ်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ယနေ့နံနက် (၀၉:၃၀) တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ “မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ … Read more
-
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၄-၁၁-၂၀၁၆) ရက်နေ့မှ (၇-၁၁-၂၀၁၆) ရက်နေ့ထိ ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး အိမ်ထောင်စု(၃) စုမှ လူဦးရေ (၁၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄၄၀၀) တိတိကို ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် (၈-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









