ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ”ကျင်းပပြုလုပ်မှုသတင်း

9_pic01 9_pic02 9_pic03

 

လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ SEED Asia ဂျပန်တို့ပူးပေါင်း၍ လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ “ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို (၇-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ကျင်းပခဲ့ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး SEED Asia မှ Project Manager Mr. Shigehiro Shibata က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့် ရေနှင့် ရေသန့်ရှင်းမှု၊ ရေတွင် အဆိပ်ဓါတ်ပါဝင်မှု စသည့်အသိပညာပေးအကြောင်းအရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မော်လမြိုင်မြို့နယ်နှင့် လပွတ္တာမြို့နယ်များအတွင်း ရှေ့ဆက်ဆောင်ရွက်သင့်သည့် Action Plan များကို (၂) ပိုင်းခွဲ၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events