လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတတိယအကြိမ်မြောက် အာရှပစိဖိတ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးအစည်းအဝေးတက်ရောက်မှုသတင်း

mm2
တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက် မှ ၈ ရက် အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
၎င်းအစည်းအဝေးသို့ အာရှပစိဖိတ်ဒေသအတွင်းရှိနိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဒုတိယသမ္မတများ၊ ဝန်ကြီးများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာရှပစိဖိတ်ဒေသတွင်းရှိသန်းပေါင်း ၁၀၀၀ ကျော်ရှိသောကလေးများအတွက် ရင်းနှီးမြှုပ်နှံပေးခြင်း ဖြင့် နိုင်ငံများ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဧကန်မုချရမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဥ်များ၊ ကလေးများအားအလုံးစုံသောအကြမ်းဖက်မှုများ မှ ကာကွယ်ပေးရေးအစီအစဥ်များနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အစီအစဉ်ကို အတွေ့အကြုံများဖလှယ်ခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြရာတွင် ကလေးငယ်၏ လူသားဘဝရက်ပေါင်းတစ်ထောင်အတွင်းလူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအစီ အစဥ် (first 1000 days social Cash transfer program) အထူးသဖြင့် ကလေးငယ်များအတွက် မဖြစ်မနေရရှိရမည့် အာဟာရဖွံ့ဖြိုးရေးကိုအဓိကဆောင်ရွက်စေလိုကြောင်း၊ သို့မှသာသန်းပေါင်း (၁၀၀၀) ကျော်သော ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် များစွာအကျိုးရှိပြီးဉာဏ်ရည် ပြည့်မှီ၍ ကျန်းမာသန်စွမ်းသော ကလေးများဖြစ်လာမည်ဖြစ်ကြောင်း၊ အဆိုပါမျိုးဆက်သစ်များဖြင့် နိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မည်မှာ ဧကန်မုချဖြစ်သောကြောင့် ယနေ့ပင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ‌ေဆွးနွေးခဲ့ကြ ပါသည်။
အဆိုပါ ရက်တစ်ထောင်အတွင်းရင်းနှီးမြှုပ်နှံမှုတွင် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အနှောက်အယှက်ြဖစ်စေသောအလုံးစုံသောအကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေးအစီအစဉ်များ ကိုလည်း ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။
အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိနိုင်ငံအားလုံးသည် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ကို နိုင်ငံတော်အစိုးရ၏ပံ့ပိုးအားပေးမှုဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
၄င်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် ခဲ့ပါသည်။
ြမန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်သောချင်းပြည်နယ်မှစတင်၍ ကလေးငယ်၏ လူသားဘဝရက်ပေါင်းတစ်ထောင်အတွင်း လူမှုရေးဆုင်ရာငွေကြေးထောက်ပံ့မှုအစီအစဉ် (first 1000 days social Cash transfer program) ကိုအကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်တွင် အစပြုခဲ့ပြီး ရက်တစ်ရာ အလွန် ‌ြေခာက်လစီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
အစည်းအဝေးသို့ ြပည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Sign Up

Upcoming Events