စလင်းမြို့နယ် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျူတောအလယ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၂) လူဦးရေ (၅၂) ဦးတို့ကို ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်း ပေးခဲ့ပါသည်။ (၈-၁၁-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၁၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၆,၈၀၀) ကျပ်ကို စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ကြောင်း သိရှိရခဲ့ပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events