(၄-၁၁-၂၀၁၆) ရက်နေ့မှ (၇-၁၁-၂၀၁၆) ရက်နေ့ထိ ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၃) လုံး အိမ်ထောင်စု(၃) စုမှ လူဦးရေ (၁၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀) နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄၄၀၀) တိတိကို ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် (၈-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)