နေပြည်တော်၊ နိုဝင်ဘာလ (၁၁)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား နိုင်ငံတကာမီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှှ အကြံပေးအရာရှိ ြဖစ်သူ Ms. Agneta Soderberg Jacobson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေ သော ကျား/ မ ရေးရာကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းပါ ကျား/ မ ရေးရာကိစ္စရပ်များတွင် မီဒီယာများ၏ အေရးပါမှုအကြောင်းအရာများ၊ နိုင်ငံတကာမီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ မှ ဆောင်ရွက်လျှက်ရှိသော မီဒီယာနှင့် ကျား/ မ ရေးရာသုတေသနတွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများ ကို သတင်းမီဒီယာများအပါအဝင် အများပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။