Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ လတ်တလောလိုအပ်သော စားနပ်ရိက္ခာများထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စစ်တွေမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ UNHCR ကိုယ်စားလှယ် Mrs. Urara Furukawa နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ရောက်ရှိကြပြီး မောင်တောမြို့နယ်အတွင်းရှိ ပန်းတောပြင်၊ တပ်ဦးချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်း၊ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ငြိမ်းချမ်းရေးကျေးရွာများရှိ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်လျက်ရှိသည့် ဆန်၊ ဆီ၊ ပဲနှင့် အိမ်သုံးဆားတို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ … Read more
-
မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးမှုသတင်း
မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) နှင့် မောင်တောခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေးအတွက် ၄င်းတို့ခေတ္တခိုလှုံနေသည့် ဘူးသီးတောင်မြို့ရှိ သုဓမ္မာရုံဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ (၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပြီး (၁၉-၁၁-၂၀၁၆) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် အဆိုပါတိမ်းရှောင်လာသည့် အိမ်ထောင်စု (၄၀) စုမှ ကျား (၅၄) ဦး၊ မ (၆၁) ဦး စုစုပေါင်းလူဦးရေ (၁၁၅) ဦးအတွက် ဆန် (၃) အိတ်နှင့် ခေါက်ဆွဲခြောက် (၂၄၀) ထုပ်တို့ကို မောင်တောခရိုင်ဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှုအထောက်အပံ့များကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော စစ်တွေမြို့ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများနှင့်ပတ်သက်ပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နေကြောင်း၊ ကြုံတွေ့ခံစားနေရသောအခက်အခဲကို မကြီးထွားစေဘဲ သတိကြီးစွာဖြင့် ဆောင်ရွက်ကြရန်၊ … Read more
-
ပြည်ထောင်စုနယ်မြေအတွင်း ရေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၃) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းနှင့် ဆန်ဖိုးငွေ (၆၅၇၀၀) ကျပ်တိတိကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၆၀) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ဆန်ဖိုးငွေ (၅၄၀၀၀) ကျပ်တိတိကိုလည်ကောင်း၊ … Read more
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၈-၁၁-၂၀၁၆) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အထက ၄ ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေး Video များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူ (၄၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များနှင့် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များအနေနဲ့ ဒီအခြေအနေရောက်အောင် အများကြီးဖြတ်သန်းခဲ့ရကြောင်း၊ အစိုးရသစ်စတင်တာဝန်ထမ်းဆောင်ကတည်းက လူငယ်တွေအရေးကို ဦးစားပေးအနေနဲ့ဆောင်ရွက်ရမည်ဟု သဘောထားခဲ့သည့်အတွက် ရက် (၁၀၀) စီမံချက်၏ထိပ်ဆုံးစီမံချက်အနေဖြင့် လူငယ်မူဝါဒရေးဆွဲရေးကို ထည့်သွင်းရေးဆွဲခဲ့ပါ ကြောင်း၊ လူငယ်မူဝါဒရေးဆွဲရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းဆောင်ရွက်ရမည့်ဝန်ကြီးဌာန (၃) ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ Focal Ministry … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ တွင်် (၁၃/၁၄-၇-၂၀၁၆)ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၀)စုအား အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/) ကျပ်အားလည်းကောင်း၊ (၆/၁၆-၁၁–၂၀၁၆) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ(၆၂)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ (၅၅၈၀၀ိ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား လည်းကောင်း ၁၈-၁၁-၂၀၁၆ ရက်နေ့တွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူ များ၏ … Read more
-
မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် မောင်တောမြို့ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့ရှိ သုဓမ္မာရုံဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်း၌ ခေတ္တခိုလှုံနေသည့် နေရပ်စွန့်ခွာလာသော ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့နိုင်ရန် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၀၄) ဦး ခေတ္တနေထိုင်လျက်ရှိကြောင်း သိရှိရပြီး ထောက်ပံ့မှုများပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး၌ ”ဝန်ထမ်းများပြည်သူအကျိုးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ” ပြုလုပ်မှုသတင်း
(၁၇-၁၁-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ”ဝန်ထမ်းများပြည်သူအကျိုးဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းရေးဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ရာ စာရေးဆရာ မောင်ပွင့်ဉာဏ်(မောရ)မှ ဟောပြောခြင်း၊ ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦသောင်းရွှေမှ ဝန်ထမ်းများ အဂတိလိုက်စားမှုကင်းရှင်းရန် ချပြဆွေးနွေးပြီး၊ ဝန်ထမ်းများမှလည်း ပြည်သူ့အကျိုးဖော်ဆောင်ရာဝာွင် အခက်အခဲများ၊ အားနည်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဒေသ၊ တူမောင်ကျေးရွာအုပ်စုနှင့် ခင်အင်းကြီးကျေးရွာအုပ်စုတို့ကိုဆက်သွယ်ထားသည့် သပိတ်ချောင်းတံတား ဆောက်လုပ်ရန်အတွက် ငွေ (၁၉) သိန်း ထောက်ပံ့ပေးအပ်မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဒေသ၊ တူမောင်ကျေးရွာအုပ်စုနှင့် ခင်အင်းကြီးကျေးရွာအုပ်စုတို့ကိုဆက်သွယ်ထားသည့် သပိတ်ချောင်းတံတားသည် (၂၆-၉-၂၀၁၆) ရက်နေ့တွင် တောင်ကျရေနှင့်အတူ မျောပါပျက်စီးသွားသဖြင့် ရေရှည်ခံနိုင်သော တံတားဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ (၁၉) သိန်းကို (၁၇-၁၁-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးကိုဦးတို့ထံသို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









