ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဒေသ၊ တူမောင်ကျေးရွာအုပ်စုနှင့် ခင်အင်းကြီးကျေးရွာအုပ်စုတို့ကိုဆက်သွယ်ထားသည့် သပိတ်ချောင်းတံတား ဆောက်လုပ်ရန်အတွက် ငွေ (၁၉) သိန်း ထောက်ပံ့ပေးအပ်မှုသတင်း

17_pic01

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းဒေသ၊ တူမောင်ကျေးရွာအုပ်စုနှင့် ခင်အင်းကြီးကျေးရွာအုပ်စုတို့ကိုဆက်သွယ်ထားသည့် သပိတ်ချောင်းတံတားသည် (၂၆-၉-၂၀၁၆) ရက်နေ့တွင် တောင်ကျရေနှင့်အတူ မျောပါပျက်စီးသွားသဖြင့် ရေရှည်ခံနိုင်သော တံတားဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ (၁၉) သိန်းကို (၁၇-၁၁-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးကိုဦးတို့ထံသို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Source:            ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events