Category Archives: News
-
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင် အား အာဆီယံဆိုင်ရာ သြစတေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms Elizabeth Jane Duke လာရောက် တွေ့ဆုံမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်အား ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့ နေ့လည်ပိုင်းတွင် အာဆီယံဆိုင်ရာ သြစတေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms Elizabeth Jane Duke က ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
-
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ ကျောက်တော်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မြောက်ဦးခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၇) ကျောက်တော်မြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့က Hotel Amara တွင်ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင် နှင့်၊ လားရှိုးမြို့များမှ စည်ပင်သာယာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်စားများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများအား အရေပေါ်စားနပ်ရိက္ခာဝယ်ယူရန်နှင့် အရင်းမပျောက်မတည်ငွေ ထောက်ပံ့ ပေးအပ်မှုသတင်း
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်း (၁၅)ခုအား အရင်းမပျောက်မတည်ငွေ (၈၇၅ )သ်ိန်းနှင့် အရေပေါ်စားနပ် ရိက္ခာဝယ်ယူရန် (၇၅.၈ )သိန်း၊ စုစုပေါင်း( ၉၅၀.၈ )သိန်းပေးအပ်ပွဲအခမ်းအနားကို (၈ -၂ -၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင်နေ ့လယ် (၁၁)နာရီအချိန်တွကျင်ပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တက်ရောက်ခဲ့ပြီး လူမှုရေးဝန်းကြီးဒေါက်တာသင်းလွင်မှ ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ကယ်ဆယ်ရးနှင့်ပြန်လည်နရာချထားရးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် UN, INGsO, NGOs အဖွဲ့အစည်းများတက်ရောက်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က စခန်း (၁) ခုချင်းအလိုက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးစခန်းတာဝန်ခံများကလက်ခံရယူခဲ့ပါသည်။ ထိုနောက်အရေးပေါ်စားနပ်ရိက္ခာဝယ်ယူရန် ထောက်ပ့ံငွေ … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့အခြေစိုက်၊ နော်ဝေနိုင်ငံသံရုံးမှသံအမတ်ကြီးဖြစ်သူ H.E. Ms. Tone Tinnes က လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးရှိ မေခလာ ခန်းမတွင် ရန်ကုန်မြို့အခြေစိုက်၊ နော်ဝေနိုင်ငံသံရုံး မှသံအမတ်ကြီးဖြစ်သူ H.E. Ms. Tone Tinnes ကလာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ၊ သဘာဝဘေးဒဏ်လျော့ပါးရေး စီမံချက်များအတွက် အကူအညီများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ကူညီမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတို့အား ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် မူဝါဒသစ်များချမှတ်လျက် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအား လူမှုရေးအထောက်အပံ့ပေးနေသည့် အစီအစဉ်များ၊ … Read more
-
မန္တလေးတိုင်းဒေသကြီးအတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသေးစိတ်ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်မှုဖြင့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုရလာဒ်အပေါ် ဆက်လက်အကောင်အထည်ဖော်ရန် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကို (၈.၂.၂၀၁၇) နေ့တွင် ကျင်းပခဲ့ပြီး လေပြင်းဒဏ်မခံနိုင်သည့် အိမ်များကို ပညာပေးခြင်း၊ အမိုးများပြုပြင်ပေးခြင်းလုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက် အသေးစိတ်ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
“Mainstreaming Disaster Risk Reduction for Resilience Development in Myanmar” ခေါင်းစဉ်ဖြင့် 2nd Technical Working Group (Three) အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ (၈-၂-၂၀၁၇) ရက်နေ့တွင် “Mainstreaming Disaster Risk Reduction for Resilience Development in Myanmar” ခေါင်းစဉ်ဖြင့် 2nd Technical Working Group (Three) အစည်းအဝေးကို Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မေခလာခန်းမတွင် ပြည်ထောင်စုသမ္မတနိုင်ငံ၊ National Democratic Institute (NDI)၏ လွှတ်တော်ဆိုင်ရာရင်းမြစ်ဌာနမှ Senior Legislative Strengthening Advisor ဖြစ်သူ Mr. Edmond Efendija က လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက် ======= ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးရှိ မေခလာခန်းမတွင် ပြည်ထောင်စုသမ္မတနိုင်ငံ၊ National Democratic Institute (NDI) ၏ လွှတ်တော်ဆိုင်ရာရင်းမြစ်ဌာနမှ Senior Legislative Strengthening Advisor ဖြစ်သူ Mr. Edmond Efendija က လာရောက်တွေ့ဆုံခဲ့ပါသည်။ ၂။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်လုပ်ငန်းများ … Read more
-
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးနိုင်ရေး ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံ ရှင်းလင်းတွေ့ဆုံပွဲ
နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ(၇)ရက်နေ့ ======= ၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံရှင်းလင်း တွေ့ဆုံပွဲကို (၇-၂-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ ထိုတွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးကို ကျင်းပခဲ့ပြီးဖြစ်ရာ ယခုဒုတိယအစည်းအဝေးကို ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးစီးဦးဆောင်ပြုနေသူများ သာမက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူ ပြည်သားအားလုံး နားလည်သဘောပေါက်ပါဝင်ရမည်ဖြစ်ပါကြောင်း၊ … Read more
-
ကချင်ပြည်နယ၊် ဝိုင်းမော်မြို့နယ်အတွင်း၊ တိုက်ပွဲရှောင်စခန်းများရှိ် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများ အား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကက်သလစ်စခန်း လော်ဝေါနှစ်ခြင်းဇုံးနယ်စခန်း မိုင်းနားဖွံ့ဖြိုးရေး ခြံစခန်း မဒိန်စခန်း လော်ဝေါ်အေဂျီစခန်း မုတ်လွဲစခန်းနှင့် ခတ်ချိုစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံမှု ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူများUN, INGOs အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက (၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြရာ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မိုင်းနားကက်သလစ်စခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၀၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာ (၉၆၃၀၀ိ/-) … Read more









