ကချင်ပြည်နယ၊် ဝိုင်းမော်မြို့နယ်အတွင်း၊ တိုက်ပွဲရှောင်စခန်းများရှိ် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများ အား ထောက်ပံ့မှုသတင်း

8-pic02

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကက်သလစ်စခန်း လော်ဝေါနှစ်ခြင်းဇုံးနယ်စခန်း မိုင်းနားဖွံ့ဖြိုးရေး ခြံစခန်း မဒိန်စခန်း လော်ဝေါ်အေဂျီစခန်း မုတ်လွဲစခန်းနှင့် ခတ်ချိုစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံမှု ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူများUN, INGOs အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက (၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြရာ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မိုင်းနားကက်သလစ်စခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၀၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာ (၉၆၃၀၀ိ/-) လော်ဝေါ ်နှစ်ခြင်းဇုံနယ်စခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၃၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၀)အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၃၅၁၀၀ိ/-)၊ မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၆)စု၊ လူဦးရေ(၁၀၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၆)အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုး (၉၀၉၀၀ိ/-) မဒိန်စခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုး (၇၂၀၀ိ/-) လော်ဝေါအေဂျီခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၈)အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုး (၂၅၂၀၀ိ/-) မုတ်လွဲစခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၂၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၃၀)အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုး (၁၉၂၆၀၀ိ/-) ခတ်ချိုစခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုး (၄၅၀၀ိ/-) တိုက်ပွဲရှောင် စခန်းများရှိ် အိမ်ထောင်စုများသွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:ကချင်ပြည််နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events