ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးနိုင်ရေး ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံ ရှင်းလင်းတွေ့ဆုံပွဲ

08_Pic-02

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ(၇)ရက်နေ့

=======

၁။         ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအကြို အတွေ့အကြုံရှင်းလင်း တွေ့ဆုံပွဲကို (၇-၂-၂၀၁၇) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         ထိုတွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးကို ကျင်းပခဲ့ပြီးဖြစ်ရာ ယခုဒုတိယအစည်းအဝေးကို ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးစီးဦးဆောင်ပြုနေသူများ သာမက နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူ ပြည်သားအားလုံး နားလည်သဘောပေါက်ပါဝင်ရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ဝန်ထမ်းများအား ငြိမ်းချမ်းရေး ဖြစ်စဉ်များကို သဘောပေါက်နားလည်ရန်နှင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ဆွေးနွေးနိုင်ရန် ဤတွေ့ဆုံပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများ ပါဝင်ဆွေးနွေးမည်ဖြစ်ရာ မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် မြေနှင့်သဘာဝသယံ ဇာတစီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆွေးနွေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံဖြိုးတိုးတက်ရေးအတွက်ငြိမ်းချမ်းရေး၏အရေးပါပုံကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

၃။         ထို့နောက် အဆိုပါသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများက မိမိတို့၏အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်း၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events