လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မေခလာခန်းမတွင် ပြည်ထောင်စုသမ္မတနိုင်ငံ၊ National Democratic Institute (NDI)၏ လွှတ်တော်ဆိုင်ရာရင်းမြစ်ဌာနမှ Senior Legislative Strengthening Advisor ဖြစ်သူ Mr. Edmond Efendija က လာရောက်တွေ့ဆုံခြင်း

08_Pic-03

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်

=======

၁။         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးရှိ မေခလာခန်းမတွင် ပြည်ထောင်စုသမ္မတနိုင်ငံ၊ National Democratic Institute (NDI) ၏ လွှတ်တော်ဆိုင်ရာရင်းမြစ်ဌာနမှ Senior Legislative Strengthening Advisor ဖြစ်သူ Mr. Edmond Efendija က လာရောက်တွေ့ဆုံခဲ့ပါသည်။

၂။         ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်လုပ်ငန်းများ သွက်လက်ထက်မြက်စေရန် NDI မှ ကူညီဆောင်ရွက်ပေးလိုမှု၊ ဝန်ကြီးဌာနများအနေဖြင့် လွှတ်တော်ရှိသက်ဆိုင်ရာကော်မတီများ၊ လွှတ်တော်အမတ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် NDI မှ ညှိနှိုင်းဆောင်ရွက်ပေးလိုမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးဥပဒေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် လူမှုဝန်ထမ်းဥပဒေစသည့် ဥပဒေများရေးဆွဲရေးတွင် လွှတ်တော်ရှိ ဆက်စပ်ကော်မတီအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ NDI မှ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်တွင် ကျင်းပမည့် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events