လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့အခြေစိုက်၊ နော်ဝေနိုင်ငံသံရုံးမှသံအမတ်ကြီးဖြစ်သူ H.E. Ms. Tone Tinnes က လာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးရှိ မေခလာ ခန်းမတွင် ရန်ကုန်မြို့အခြေစိုက်၊ နော်ဝေနိုင်ငံသံရုံး မှသံအမတ်ကြီးဖြစ်သူ H.E. Ms. Tone Tinnes ကလာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်  နော်ဝေနိုင်ငံအစိုးရမှ   မြန်မာနိုင်ငံသို့  လူသားချင်းစာနာမှု   အကူအညီများ၊ သဘာဝဘေးဒဏ်လျော့ပါးရေး စီမံချက်များအတွက် အကူအညီများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ကူညီမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတို့အား ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် မူဝါဒသစ်များချမှတ်လျက် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများအား လူမှုရေးအထောက်အပံ့ပေးနေသည့် အစီအစဉ်များ၊ နော်ဝေအစိုးရမှ ရခိုင်ပြည် နယ်တွင် ကုတင် ၂၀၀ ဆန့်ဆေးရုံဆောက်လုပ်ပေးမည့် အစီအစဉ်များ၊ မြေမြှုပ်မိုင်း အန္တရာယ်ရှိသော ဒေသများတွင်ဝန်ကြီးဌာနမှ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်များရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ အတွက် လူသားချင်းစာနာမှု အကူအညီ ရောက်ရှိစေရေး ကိစ္စရပ်များကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events