ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်း (၁၅)ခုအား အရင်းမပျောက်မတည်ငွေ (၈၇၅ )သ်ိန်းနှင့် အရေပေါ်စားနပ် ရိက္ခာဝယ်ယူရန် (၇၅.၈ )သိန်း၊ စုစုပေါင်း( ၉၅၀.၈ )သိန်းပေးအပ်ပွဲအခမ်းအနားကို (၈ -၂ -၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင်နေ ့လယ် (၁၁)နာရီအချိန်တွကျင်ပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တက်ရောက်ခဲ့ပြီး လူမှုရေးဝန်းကြီးဒေါက်တာသင်းလွင်မှ ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ကယ်ဆယ်ရးနှင့်ပြန်လည်နရာချထားရးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် UN, INGsO, NGOs အဖွဲ့အစည်းများတက်ရောက်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က စခန်း (၁) ခုချင်းအလိုက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးစခန်းတာဝန်ခံများကလက်ခံရယူခဲ့ပါသည်။ ထိုနောက်အရေးပေါ်စားနပ်ရိက္ခာဝယ်ယူရန် ထောက်ပ့ံငွေ (၇၅.၈ )သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က လူမှုရေးဝန်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယခုထောက်ပံ့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး (၁၇- ၆ -၂၀၁၆) ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ စခန်း ၁၀ ခု အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေအဖြစ် စခန်းတစ်ခုလျှင် သိန်း( ၅၀)နှုန်းဖြင့် စုစုပေါင်း သိန်း (၅၀၀) ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါထောက်ပ့ံငွေများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့သော ထောက်ပ့ံငွေများဖြစ်ပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး