ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်မှုဖြင့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
ညှိနှိုင်းဆွေးနွေးမှုရလာဒ်အပေါ် ဆက်လက်အကောင်အထည်ဖော်ရန် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကို (၈.၂.၂၀၁၇) နေ့တွင် ကျင်းပခဲ့ပြီး လေပြင်းဒဏ်မခံနိုင်သည့် အိမ်များကို ပညာပေးခြင်း၊ အမိုးများပြုပြင်ပေးခြင်းလုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန်အတွက် အသေးစိတ်ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။