Category Archives: News
-
သဘာဝဘေးအဖြစ်များသည့် ဒေသတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၃-၁၇) ရက်နေ့တွင် သဘာဝဘေးအဖြစ်များသည့် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာ အုပ်စု၊ ကြက်ပြေးကျေးရွာမှ ပြည်သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် IOM (International Organization for Migration ) အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် (၁၃-၃-၂၀၁၇) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလမှာ (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၇-၃-၂၀၁၇) ရက်နေ့အထိ (၅) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ(မြို့နယ်အဆင့် အရာထမ်း/ အမှုထမ်း) များ (၃၂) ဦးအပါအဝင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) … Read more
-
မွန်ပြည်နယ်၊ သထုံခရိုင်ရှိ မီးဘေးသင့်ပြည်သူများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ၊ သာယာကုန်းပိုင်းတွင် (၁၂-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ Family Kit (၂၀)မျိုးပါ တစ်ထုပ်၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဖိုးငွေ (၅၁၈၀၀)ကျပ်တို့အား (၁၃-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် သေဆုံးခဲ့ရသော မောင်ဝေယံထွန်းနှင့် ဇနီး မဗျာမီး တို့အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား လားရှိုးမြို့၊ရပ်ကွက် (၁၂) ၌ နေထိုင်သော ၄င်းတို့၏မိဘများထံသို့ (၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝ ဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၃၂၀၁၇) ရက်နေ့ မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ နေပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် တက်ရောက်လာသည့်ပြည်သူများအား ဦးစီးဌာန၏ လုပ်ဆောင်ချက်များရှင်းလင်းခြင်း၊ DAN Mobile Application Software ရှင်းလင်းခြင်း၊ သဘာဝဘေးနှင့်ပတ်သတ် သည့် ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဝေဌခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ဘေး (၈) မျိုး ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လားရှိုးမြို့၊ အောင်ဆုပန်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်သံဃာတော်များအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော ဗဟိုသာသနာပြုဌာနမှ တိုက်ပွဲရှောင်သံဃာတော် (၄၂) ပါးအတွက် ကျပ် (၁၂၀,၂၀၀) တန်းဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာများအား (၁၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လားရှိုးမြို့၊ မန်ဆူရှမ်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၂၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၅၅၇,၈၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၈၆,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၉၁,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၃၅,၄၀၀) ကျပ်တို့အား (၁၀-၃-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ မန်ဆူရှမ်းဘုန်းကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည္။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့ တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ တက် ရောက်သူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ များကပ်ပေးခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား ကပ်ပေးခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်ဖြန့်ဝေပေး ခင်း၊လက်ကမ်းစာများဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးနှင့်ပတ်သက်၍ပြည်သူသို့ ပန်ကြားချက်ဟောပြောခြင်း၊ DAN Mobile Application စတစ်ကာကပ်ပေးခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိဖို့အမျိုးသမီးများရဲ့ကဏ္ဍပါဝင်မှု အရေးကြီး
နေပြည်တော်၊၁၁ မတ်လ၂၀၁၇ အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရန်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ပြည်သူအားလုံးလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ဆက်စပ်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ဖို့ ပိုမိုလိုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့က ထုတ်ပြန်ထားသည့် လေ့လာမှုစစ်တမ်းအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလျစ်လျူရှုခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးပန်းတိုင်ကို လျော့ပါးထိခိုက်စေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးရေးရာ ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ယနေ့နံနက်ပိုင်းက နေပြည်တော် The Lake Garden Hotel တွင်ကျင်းပပြုလုပ်သည့် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ ဇလွန်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရေပေါက်ပြီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲအား (၁၀-၃-၂၀၁၇)ရက်နေ့ ကပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာနေ ပြည်သူ (၁၂၄)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။









