ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် သေဆုံးခဲ့ရသော မောင်ဝေယံထွန်းနှင့် ဇနီး မဗျာမီး တို့အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား လားရှိုးမြို့၊ရပ်ကွက် (၁၂) ၌ နေထိုင်သော ၄င်းတို့၏မိဘများထံသို့ (၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)