ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော ဗဟိုသာသနာပြုဌာနမှ တိုက်ပွဲရှောင်သံဃာတော် (၄၂) ပါးအတွက် ကျပ် (၁၂၀,၂၀၀) တန်းဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာများအား (၁၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)